အလုပ်ကောင်းကောင်းရဖို့နည်းလမ်းများ

လုပ်ငန်းခွင်အတွင်း ပြဿ နာတွေကြုံလာရတဲ့အခါ

လင်းသိုက်ညွန့် (မြန်မာ့မြေ)

JOB seekers Journal Vol.3, No,4

အလုပ်ကောင်းကောင်းတစ်ခုကို ရရှိပိုင်ဆိုင် ပြီးပြီဆိုရင် ဒီအတိုင်းထိုင်နေလို့တော့မရပါဘူး။ လုပ်ငန်းခွင်အတွင်းမှာ လုပ်နေကိုင်နေ ရင်း ပြဿနာအခက်အခဲတွေ ကြုံတွေ့ရဦးမှာပါ။ စာရေးသူတို့တွေ တော်တော် များများဟာ ပြဿနာဆိုရင် ကြောက်ကြပြီး ဝေးဝေးက ရှောင်ပြေးချင်ကြပါတယ်။ တကယ်တော့ ဘ၀မှာ ထိပ်တန်းရောက် အောင်မြင်ချင်သူတစ်ယောက် အတွက် ပြဿနာဆိုတာ ရှောင်လွှဲလို့မရပါဘူး။

အလုပ်သေးသေးလေးလုပ်ရင် ပြဿနာ သေးသေးလေးတွေ့မယ်။ အလုပ်ကြီး ကြီးလုပ်ရင် ပြဿနာကြီးကြီး တွေ့မယ်။ ဒါဟာ ဓမ္မတာပါပဲ။ ဘာပြဿနာအခက်အခဲမှ မတွေ့ချင်ရင် ဘာမှမလုပ်ဘဲ အိမ်ထဲမှာအိပ်နေမှ ရပါမယ်။ ဘ၀ဟာ ဂိမ်းကစား သလိုပါပဲ။ ဂိမ်းကစားရင် သက်သောင့်သက်သာ ကစားချင်တယ်ဆိုရင် တော့ Level-1 က ဘယ်တော့မှတက်မှာမဟုတ်ဘဲ အဆင့် (Level) တွေ တက်ချင် တယ်ဆိုရင် တော့ အခက်အခဲပြဿနာတွေကို မလွဲမသွေ ရင်ဆိုင်ဖြေရှင်းရမှာပဲ ဖြစ် ပါတယ်။ အဓိကက အခက်အခဲပြဿနာတွေ မဖြစ်အောင်၊ မကြုံ တွေ့အောင် ရှောင် ရှားဖို့၊ ဆုတောင်းဖို့ မဟုတ်ပါဘူး။ ကြုံတွေ့လာရတဲ့ အခက်အခဲပြဿနာ တွေကို ထိရောက်အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်း နိုင်ဖို့လိုအပ်တဲ့ အရည်အချင်း၊ အရည်အသွေးတွေ မိမိမှာပြည့်စုံလာအောင် စုဆောင်းအား ထုတ်ကြဖို့ ဖြစ်ပါ တယ်။

ပြဿနာတွေကို ထိရောက်အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်းချင်တယ်ဆိုရင် ရှေးဦး စွာ ပြဿနာ တိုင်းမှာ အဖြေတစ်ခုပဲ ရှိတယ် ဆိုတဲ့ အလွန်မှားယွင်းတဲ့ အယူအဆကို စွန့်လွှတ်နိုင်ဖို့ လိုပါတယ်။ ပြဿနာတိုင်းမှာ အမှန် (True)၊ အမှား (False) ဆိုပြီး အဖြေနှစ်ခုပဲ ရှိတာမဟုတ်ပါဘူး။ တစ်ခါတလေ အမှန်တွေအများကြီးထဲက အမှန်ဆုံးကို ရွေးချယ်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အမှန်တစ်ခု ကို တွေ့ရုံနဲ့ ဘယ်တော့ မှ ကျေကျေနပ်နပ် ရပ်တန့်မနေပါနဲ့။ ဒီ့ထက်ပိုမှန်၊ ပိုကောင်းတဲ့ အမှန်တရားတွေကို ရှာဖွေဖို့၊ ဆာလောင်မွတ်သိပ်နေဖို့လိုပါတယ်။

ပြဿနာတစ်ခုကို ဖြေရှင်းဖို့ ကြိုးစားတဲ့ နေရာမှာ ရှုထောင့်တစ်ခုတည်းက မတွေးဘဲ အဖက်ဖက်မှ တွေးနိုင် ရှုမြင်နိုင်အောင် ကြိုးစား မယ်ဆိုရင် ပြဿနာတိုင်း မှာ အဖြေအမြောက် အမြားရှိနေတာကို အံ့သြဖွယ် တွေ့ရှိကြမှာပါ။

ဆိုကြပါစို့။ ဟိုတယ်တစ်ခုမှာ ဟိုတယ် မန်နေဂျာဟာ ဧည့်သည်တွေဆီ ကနေ စောဒက တက်မှုတစ်ခုကို ကြုံတွေ့ရပါတယ်။ ဧည့်သည် တွေ စောဒက တက်ရတဲ့ အကြောင်းအရင်းကတော့ ဟိုတယ်က ဓာတ်လှေကားက အတက် အဆင်းပြုလုပ်တဲ့နေရာမှာ အလွန်နှေးနေတဲ့ အတွက်ကြောင့်ပါ။ ဒီစောဒကတက် မှုကို ကြား ကြားချင်းမှာ ဟိုတယ်မန်နေဂျာအနေနဲ့ တော်တော် ကလေး ခေါင်းခဲသွားပါတယ်။ ဓာတ်လှေ ကားတစ်စီးလုံးကို လဲလှယ်တပ်ဆင်ဖို့ ဆိုတာ ဟာ ကုန်ကျစရိတ် များပြားနိုင်တာမို့ ဟိုတယ် မန်နေဂျာအနေ နဲ့ ခေါင်းခဲမယ်ဆိုလည်း ခေါင်းခဲချင်စရာပါ။

ဒါပေမဲ့ နောက်ဆုံးတော့ ဧည့်သည်တွေက ခဏခဏ စောဒကတက် လွန်းတဲ့အတွက် မဖြစ်မနေ ဓာတ်လှေကားကို လဲလှယ်တပ်ဆင်ဖို့ ဆုံး ဖြတ် လိုက်ပါတယ်။ ဓာတ်လှေကားကို လဲလှယ် တပ်ဆင်ဖို့အတွက် ဓာတ်လှေကား ကုမ္ပဏီနဲ့ ဆက်သွယ်အပြီးမှာတော့ ဟိုတယ်မန်နေဂျာ အနေနဲ့ထပ်ပြီး ခေါင်းခဲ သွားရပြန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လဲလှယ်မယ့်ဓာတ်လှေကား အသစ် ကလည်း ယခင်အဟောင်းထက် စက္ကန့် ပိုင်းလောက်ပဲ ပိုမြန်တယ်ဆိုတာကြောင့် ပါပဲ။

ကဲ .. စာဖတ်သူမိတ်ဆွေ၊ သင်သာ အဲ့ဒီ ဟိုတယ်မန်နေဂျာရဲ့ နေရာမှာဆို ရင် ဘာလုပ်မှာပါလဲ။ စဉ်းစားစရာ (Food for Thought) ဖြစ်ပါတယ်။

သို့သော် ..ဟိုတယ်မန်နေဂျာဖြေရှင်း လိုက်ပုံက အလွန်တရာမှ ရိုးရှင်းလှ ပါတယ်။ အထပ်တိုင်းရှိ ဓာတ်လှေကား အတက် အဆင်း ကို စောင့်ဆိုင်း ရာ နေရာအားလုံးတွင် နံရံတိုင်းကို ကြည့်မှန်များ အပြည့်တပ်ဆင်ပေးလိုက်ရုံပါ။ အလွန်တရာမှ ကုန်ကျစရိတ် (Cost) သက်သာတဲ့ ဖြေရှင်းမှုဖြစ်ပါတယ်။ လူတွေ ဟာ ကိုယ့်ပုံ ကိုယ် မှန်ထဲမှာ ကြည့်နေရတဲ့အချိန်မှာ ဓာတ်လှေကားကြာတာကို သတိမရနိုင်တော့ပါဘူး။

ဟိုတယ်မန်နေဂျာဟာ ..
* ဓာတ်လှေကားကို ပိုမြန်အောင် ဘယ်လို လုပ်မလဲဆိုတဲ့ ရှုထောင့် တစ်ခုကနေ ပြဿနာရဲ့ အဖြေကို ရှာမရတဲ့အခါမှာ နောက်ထပ်ရှုထောင့် တစ်ခုဖြစ်တဲ့-

* ဧည့်သည်တွေ စောင့်နေရတာကို သတိမထားမိအောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ ရှုထောင့်ကို ပြောင်းလိုက်တဲ့အခါမှာတော့ အခုလို ထိရောက်ကောင်းမွန်ပြီး ကုန်ကျစရိတ် သက်သာတဲ့အဖြေ (Solution) တစ်ခုကို ရရှိလာတာ ဖြစ်ပါတယ်။

လုပ်ငန်းခွင်ထဲမှာ ပြဿနာတွေ ကြုံလာ ရတဲ့အခါမှာ ဘယ်တော့မှ စိတ်မညစ်ပါနဲ့။ ပြဿနာတိုင်းမှာ အဖြေများစွာ ရှိနေတယ်ဆိုတာ သတိရလိုက်ပါ။ သင့်ရဲ့ရှုထောင့်ကို ပြောင်းလိုက်ရုံနဲ့ ပြဿနာကို ဖြေရှင်းလိုက်နိုင်တာမျိုး လည်း ဖြစ် တတ်ပါတယ်။ အားယူပါ၊ အာရုံစိုက်ပါ၊ ရှေ့ကိုခရီးဆက်ပါ .. အောင်မြင်မှုတွေက သင့်ကို စောင့်ကြိုနေပါတယ်။

See you at the top!
လင်းသိုက်ညွန့် (မြန်မာ့မြေ)