Lynn Thaik Nyunt's Profile

လင်းသိုက်ညွှန့် ( မြန်မာ့မြေ)၏ ကိုယ်ရေးအကျဉ်း

၁၉၈၆ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် အဖဦးစိုးအောင်+အမိဒေါ်သီသီသိုက်တို့မှ ဖွားမြင်သည်။ အမည်ရင်းမှာ လင်းသိုက်ညွန့်ဖြစ်သည်။ စာပေလောကသို့ န၀မတန်း၊ အသက် (၁၄) နှစ် အရွယ်တွင် စက်တင်ဘာလ ၂၀၀၀ ပြည့်နှစ်ထုတ် ဗြူတီ (Beauty) မဂ္ဂဇင်းတွင် ‘ကျွန်တော်အကြိုက်ဆုံး စာအုပ်တစ်အုပ်’ ဟူသော ဆောင်းပါးဖြင့် စတင် ၀င်ရောက်ခဲ့သည်။ လက်ရှိအချိန်တွင် စာရေးသူအနေဖြင့် လုံးချင်းဝတ္ထု (၆)အုပ်၊ ဆောင်းပါးပေါင်းချုပ် (၁၂) အုပ် ထုတ်ဝေခဲ့ပြီး HR ဂျာနယ်၊ အလင်းတန်းဂျာနယ်၊ Hello Journal၊ Knowledge Bridge Magazine၊ Teen Magazine၊ ဆယ်ကျော်သက် မဂ္ဂဇင်း၊ Eternal Light Magazine တို့တွင် ဆောင်းပါး၊ ၀တ္ထုများ၊ လစဉ်၊ အပတ်စဉ် ရေးသားလျက်ရှိကာ ဆောင်းပါးပုဒ်ရေ (၁၀၀၀) ကျော်၊ ၀တ္ထုပုဒ်ရေ (၄၀) ကျော် ရေးပြီးဖြစ်သည်။

စာရေးသူသည် Knowledge Bridge Magazine ၏ Contributor တစ်ယောက်ဖြစ်ပြီး MHR Management Institute တွင် Lecturer သင်တန်းနည်းပြ (Expert Consultant) အဖြစ်သင်တန်များ၊ ကုမ္ပဏီများ၊ Media လုပ်ငန်းများတွင် Corporate Training များ ပို့ချပေးလျက်ရှိသည်။

 Doctor of Business Administration (Candidate), Aldersgate Univeristy မှ Master of Political Management ဘွဲ့၊ London Metropolitan University မှ B.Sc(Hons)ဘွဲ့၊ ရန်ကုန်တက္တသိုလ်မှ LL.B ဘွဲ့၊ NCC(UK) မှ IDEC, IADCS ဒီပလိုမာ နှင့် Advanced ဒီပလိုမာ၊ Association of Business Executives (UK) မှ၊ Advanced Diploma in Business Management တို့ကိုရရှိခဲ့ပြီး ၂၀၁၀ ခုနှစ် ဇွန်လတွင် Association of Business Executives (UK) ၏ Advanced Diploma in Business Management စာမေးပွဲ SHRM ဘာသာရပ်၌ ကမ္ဘာ့အမှတ်အများဆုံး (World First) ရရှိခဲ့သည်။

လက်ရှိအချိန်တွင် Myanmar’s Land Success, Motivation and Management သင်တန်းကျောင်း၏ CEO & Founder အဖြစ်တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့သည့် ဇူလိုင်လ (၁၃)ရက်မှ သြဂုတ်လ (၃) ရက်နေ့အထိ အမေရိကန် ပြည်ထောင်စုတွင် ကျင်းပပြုလုပ်ခဲ့သော International Visitor Leadership Program သို့လည်း မြန်မာနိုင်ငံ ကိုယ်စားပြုတက်ရောက်ခဲ့သည်။ ဆရာ့အနေဖြင့် ၂၀၁၂ ခုနှစ် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်၊ စာပေမြှင့်တင်လူ့စွမ်းအင်၊ စာရေးစာဖတ်နှင့် တင်ဆက်မှုစွမ်းရည်ပြိုင်ပွဲ အကဲဖြတ်ကော်မတီဝင်အဖြစ် ဆောင်ရွက်လျက်ရှိပြီး Sky Net, MRTV-4, MRTV, MITV, MWD, Readers Channel, Channel 7, ရွှေ FM, မန္တလေး FM, City FM တို့တွင်လည်း စာပေရေးရာ အစီအစဉ်များ၊ ဘ၀အောင်မြင်ရေး ဟောပြောမှုများကို ပုံမှန်ထုတ်လွှင့်လျက်ရှိသည်။ ဆရာ့အနေဖြင့် ယခုအချိန် ထိ မြန်မာပြည်အနှံ့  စာပေဟောပြောပွဲ၊ Seminar, Workshop ပေါင်း ၅၀၀ ကျော် ဟောပြောပြီးဖြစ်သည်။